Dimple

Dimple အမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း Dimple ကတော့ မိန်းကလေးတွေနဲ့ ဆိုင်တဲ့ Fancy ပစ္စည်းလေးတွေရောင်းချပေးနေတဲ့ဆိုင်ဖြစ်တဲ့အတွက် သူ့အတွက် အမှတ်တံဆိပ်စဉ်းစားတဲ့ အချိန်မှာ မိန်းကလေးဆန်ပြီး နူးညံပြီးချစ်ခင်ဖွယ်ကောင်းတဲ့ ပုံစံမျိုးကို ဦးစားပေးစဉ်းစားခဲ့ပါတယ်။ ဒါကြောင့် Dimple က ပစ္စည်းလေးတွေကို အသုံးပြုတဲ့ မိန်းကလေးတွေအနေနဲ့ နတ်သမီးလေးတစ်ယောက်လိုလှပပြီး လူတိုင်းရဲ့ မေတ္တာကို အတိုင်းအဆမရှိ ရနိုင်တယ်ဆိုတဲ့ ပုံဆန်မျိုးလေးပေါ်အောင် လိုဂိုဒီဇိုင်းကို နတ်သမီးရယ်၊ အဆုံးအဆမရှိတဲ့ ( Infinity ) အမှတ်အသားရယ် အသည်းပုံလေးကို ပေါင်းစပ်ရေးဆွဲဖြစ်ခဲ့ပါတယ်။

Nihon Auto

Nihon Autoအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း Nihon Auto အတွက် ဒီဇိုင်းရေးဆွဲပေးတဲ့အခါမှာတော့ ပုံမှန်ကားမော်ဒယ်ကနေပြီး နောက်ဆုံးပေါ်ရှားပါးကားတွေရဲ့ အပိုပစ္စည်းတွေ ကားကိုယ်ထည်အစိတ်အပိုင်းတွေအထိ အာမခံအပြည့်နဲ့ရောင်းပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ယုံကြည်စိတ်ချနိုင်မှု ပစ္စည်းအရည်အသွေးမှန်ကန်မှုစတာတွေကို ပုံဖော်ပေးနိုင်မဲ့ အမှတ်တံဆိပ်တစ်ခုကို ပုံဖော်ပေးဖို့ အခြေခံပြီးစဉ်းစားခဲ့ပါတယ်။ ဒါအပြင့် ရိုးရှင်းပြီး အဆင့်တန်းမြင့်တဲ့ အမှတ်တံဆိပ်မျိုးကို ကြိုက်တဲ့ ပိုင်ရှင်အကိုအတွက် နောက်ဆုံးမှာတော့ အာမခံမှု၊ ပစ္စည်းအရည်အသွေးတိကျသေချာမှုတွေကို ကိုယ်စားပြုနိုင်မဲ့ အမှန်ခြစ်ပုံစံ အမှတ်အသားလေးကို Nihon Auto ရဲ့ အတိုကောက် NA ဆိုတဲ့စာလုံးမှာ ပေါင်းစပ်ရေးဆွဲထားတဲ့ ဒီဇိုင်းလေးကိုဘဲ ကျွှန်တော်တို့ ရွှေးခြယ်ဖြစ်ခဲ့ပါတယ်။

King Bakery

King Bakeryအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ ဒီဇိုင်းကို စပြီး စဉ်းစားထဲက ရိုးရှင်းသပ်ရက်ပြီး မှတ်မိလွယ်တဲ့ ပုံစံမျိုးကိုဘဲ အသားပေးရေးဆွဲဖို့ အာရုံစိုက်ခဲ့ပါတယ်။ ဒါကြောင့် ရိုးရှင်းပြီးထိရောက်တဲ့ ဒီဇိုင်းပုံစံရယ်၊ အလုပ်အပ်သူနဲ့ ပူပေါင်းလုပ်ဆောင် တဲ့နေရာမှာ လိုက်လျောညီထွေ နဲ့  စနစ်တကျရှိတဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကို ထည့်သွင်းရေးဆွဲဖို့  စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ဒီ Logo ကို ဘဲအကြိုက်တွေ့ခဲ့ပါတယ်။

Turbo

TURBOအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ Delivery Service ကုမ္ပဏီအတွက် အမှတ်တံဆိပ်လိုဂိုကို စဉ်းစားတဲ့အခါမှာတော့ ရိုးရှင်းပြီး ခေတ်နဲ့အညီရှိမဲ့ ပုံစံမျိုးကို ဦးစားပေးပြီးစဉ်းစားဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီကုမ္ပဏီ ရဲ့  အားသာချက်တစ်ခု ဖြစ်တဲ့ နည်းပညာအထောက်အပံ့နဲ့ Real Time Tracking လုပ်နိုင်တာတွေ၊ နေ့စဉ် အပတ်စဉ် လစဉ် စတဲ့ စာရင်းတွေကို ကိုယ်တိုင်ပြန်လည်စစ်ဆေးနိုင်တာ တွေကြောင့် နည်းပညာ အသုံးပြုတဲ့ smart delivery service တစ်ခုဖြစ်တယ်ဆိုတာကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါတယ် ။ ဒါကြောင့်လည်း နောက်ဆုံးမှာ တစ်နေရာနဲ့ တစ်နေရာကို လွယ်ကူလျင်မြန်စွာ ပိုဆောင်တဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုမဲ့ ငှက်ပုံလေးရယ် နေရာအမှတ်အသားကိုပြတဲ့ အမှတ်အသားလေးရယ်ကို ပေါင်းပြီးတော့ နည်းပညာကိုလည်း ကိုယ်စားပြုနိုင်မဲ့ စက်ရုပ်ငှက်ပုံစံမျိုးလေးကို ကျွှန်တော်တို့  ရေးဆွဲ ရွှေးချယ်ခဲ့ပါတယ်။

Fresh

Freshအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း Fresh အတွက် ဒီဇိုင်းကိုစဉ်းစားတဲ့အချိန်မှာတော့ လူငယ်တွေအဓိက သဘောကျတဲ့ ကားအလှဆင်တဲ့ လုပ်ငန်းဖြစ်သလို အရည်သွေးမြင့်တဲ့ ဆန်းသစ်တဲ့ ပုံစံတွေနဲ့ ဈေးကွက်ကို ဦးဆောင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် သွက်လက်ပြီး လူငယ်ဆန်တဲ့ ပုံစံမျိုးကို ဦးစားပေးပြီး ကျွှန်တော်တို့ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့်ဘဲ နောက်ဆုံးမှာ လက်ရေးဆက်ပုံစံ ဒီလိုဂိုလေးကိုဘဲ ကျွှန်တော်တို့  ရွှေးချယ်ဖြစ်ခဲ့ပါတယ်။ သူနဲ့တွဲပြီးတော့လည်း Sitcker တို့ဘာတို့မှာတွဲသုံးနိုင်ဖို့  Emblem ပုံစံတံဆိပ်လေးကိုပါ ထပ်မံရေးဆွဲခဲ့ပါတယ်။

Mhu Htet

ကျွှန်တော့်ရဲ့ အမှတ်တံဆိပ် ဒီဇိုင်းအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ ဒီဇိုင်းကို စပြီး စဉ်းစားထဲက ရိုးရှင်းသပ်ရက်ပြီး မှတ်မိလွယ်တဲ့ ပုံစံမျိုးကိုဘဲ အသားပေးရေးဆွဲဖို့ အာရုံစိုက်ခဲ့ပါတယ်။ ဒါကြောင့် ရိုးရှင်းပြီးထိရောက်တဲ့ ဒီဇိုင်းပုံစံရယ်၊ အလုပ်အပ်သူနဲ့ ပူပေါင်းလုပ်ဆောင် တဲ့နေရာမှာ လိုက်လျောညီထွေ နဲ့  စနစ်တကျရှိတဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကို ထည့်သွင်းရေးဆွဲဖို့  စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ဒီ Logo ကို ဘဲအကြိုက်တွေ့ခဲ့ပါတယ်။ ဆက်လက်ပြီး ဒီဇိုင်းမှာ အသုံးပြုမဲ့ စာလုံးပုံစံရယ်၊ အရောင်တွေရယ်ကို စဉ်းစားပါတယ်။ စာလုံးပုံစံအနေနဲ့ ကတော့ Font Contrast  ရှိအောင်ဆိုပြီး ခေါင်းစဉ်တွေအတွက် San Serif Font တစ်ခုဖြစ်တဲ့ Montserrat ကို ခေါင်းစဉ် နဲ့  ခေါင်းစဉ်ခွဲတွေမှာ အသုံးပြုထားပြီး စာပိုဒ်တွေအတွက်တော့ x-height…